ခေါ်ယူနေသည်
Accountant
လစာ6 – 8 သိန်း
လွန်ခဲ့သော 4 ရက်က တင်ထားသည်
အလုပ်ရှင်အကြောင်း
Modern Furnitureထုတ်လုပ်ရေး နှင့် Interior Decoration Service Company တစ်ခုဖြစ်ပါသည်။
လုပ်ငန်းတာဝန်များ
ကုမ္ပဏီ၏ နေ့စဉ် ငွေစာရင်းသွင်းခြင်း၊ လက်ခံခြင်းနှင့် အထွေထွေ စာရင်းဇယားများကို စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းရန်
Accounting Software နှင့် Advanced Excel တို့ကို အသုံးပြု၍ စာရင်းများ ရေးဆွဲစစ်ဆေးရန်
လချုပ်၊ နှစ်ချုပ် စာရင်းများနှင့် အရှုံးအမြတ်စာရင်း (P&L - Profit and Loss) များကို တိကျစွာ ရေးဆွဲပြုစု တင်ပြရန်
လိုအပ်သော ငွေစာရင်းဆိုင်ရာ Financial Report များကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ စီမံခန့်ခွဲသူများထံ အစီရင်ခံ တင်ပြရန်
ရုံးတွင်း စာရင်းအင်း အထောက်အထား မှတ်တမ်းများနှင့် ဘောက်ချာများကို စနစ်တကျ သိမ်းဆည်းရန်
လိုအပ်ချက်များ
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည် (စီးပွားရေးနှင့် စာရင်းအင်းဆိုင်ရာ ဘွဲ့ရရှိထားသူ ဦးစားပေးမည်)
အသက် (၂၅) မှ (၄၀) နှစ်ဝန်းကျင် (အမျိုးသမီး) ဖြစ်ရမည်
LCCI Level (I, II, III) UK အောင်မြင်ပြီးသူ ဖြစ်ရမည်
စာရင်းကိုင် (Accountant) ရာထူးဖြင့် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်နှင့်အထက် ရှိရမည်
Advanced Excel ကျွမ်းကျင်ပြီး Accounting Software များကို ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်
အရှုံးအမြတ်စာရင်း (P&L) နှင့် လချုပ်/နှစ်ချုပ် စာရင်းများ ရေးဆွဲနိုင်သည့် လက်တွေ့အတွေ့အကြုံ ရှိရမည်
စာရင်းဇယားများအပေါ် အသေးစိတ် စိစစ်နိုင်စွမ်းရှိပြီး တာဝန်ယူမှု၊ စည်းကမ်းရှိမှုနှင့် အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိရမည်
အလုပ်ချိန်
တနင်္လာမှ စနေ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀
အကျိုးခံစားခွင့်များ
- ရက်မှန်ကြေး
- ဖုန်းဘေလ် ထောက်ပံ့ကြေး
- နှစ်ပတ်လည် ခွင့်ရက်
လျှောက်ထားရန်
ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။
