ခေါ်ယူနေသည်

Junior Accountant

  • တည်နေရာ: အလုံ၊ ရန်ကုန်တိုင်းဒေသကြီး
  • အလုပ်အမျိုးအစား: အချိန်ပြည့်
  • အလုပ်ကဏ္ဍ: ဘဏ္ဍာရေး၊ စာရင်းကိုင်နှင့် စာရင်းစစ်
  • လျှောက်ထားနိုင်သူ: ကျား/မ

လစာ5 – 7 သိန်း

လွန်ခဲ့သော 5 ပတ်က တင်ထားသည်

အလုပ်ရှင်အကြောင်း

ရန်ကုန်မြို့ရှိ နာမည်ရ စားသောက်ဆိုင် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

လုပ်ငန်းတာဝန်များ

  • နေ့စဉ် ငွေစာရင်း အဝင်/အထွက်များနှင့် ငွေစာရင်းဘောက်ချာများကို စနစ်တကျ မှတ်တမ်းတင် စစ်ဆေးရန်

  • စာရင်းအင်းဆိုင်ရာ Data များနှင့် ဘဏ္ဍာရေးစာရွက်စာတမ်းများကို တိကျသေချာစွာ စာရင်းသွင်းထိန်းသိမ်းရန်

  • လချုပ်စာရင်းများနှင့် အထွေထွေ စာရင်းဇယား အစီရင်ခံစာများ ပြုစုရာတွင် စီနီယာတာဝန်ခံအား ပံ့ပိုးကူညီဆောင်ရွက်ရန်

  • ဘဏ်စာရင်းရှင်းတမ်းများနှင့် နေ့စဉ်ငွေစာရင်းလက်ကျန်များကို တိုက်ဆိုင်စစ်ဆေးရန်

လိုအပ်ချက်များ

  • တက္ကသိုလ်ဘွဲ့ရ သို့မဟုတ် LCCI Level 1, 2 အောင်မြင်ပြီးမြောက်ထားသူ ဖြစ်ရမည် (လုပ်ငန်းခွင် စတင်ဝင်ရောက်လိုသော Fresh Graduates များလည်း လျှောက်ထားနိုင်ပါသည်)

  • သက်ဆိုင်ရာ စာရင်းကိုင် အတွေ့အကြုံ (၁ နှစ် မှ ၂ နှစ်) ရှိသူ သို့မဟုတ် စာရင်းအင်းအခြေခံ ကောင်းမွန်စွာ တတ်မြောက်ထားသူ ဖြစ်ရမည်

  • Computer (Microsoft Word, Excel) ကို အခြေခံ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်

  • ဂဏန်းသင်္ချာ စာရင်းဇယား တိကျသေချာမှုရှိပြီး ရိုးသားကြိုးစားကာ တာဝန်ယူမှု အပြည့်ရှိရမည်

  • ကျင့်ဝတ်နှင့် စည်းကမ်းတကျ လိုက်နာလုပ်ကိုင်နိုင်ပြီး အသင်းအဖွဲ့နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်

  • အတွေ့အကြုံ မရှိသေးသူများလည်း လျှောက်ထားနိုင်ပါသည်။

အလုပ်ချိန်

တနင်္လာမှ စနေ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀

အကျိုးခံစားခွင့်များ

  • အစားအသောက် စီစဉ်ပေးသည်
  • အဆောင် စီစဉ်ပေးသည်
  • လူမှုဖူလုံရေး (SSB)
  • နှစ်ပတ်လည် ခွင့်ရက်

လျှောက်ထားရန်

ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။

ဖွင့်ထားသော အလုပ်များအားလုံး ကြည့်ရန်