ခေါ်ယူနေသည်

Junior / Assistant Geologist (ဘူမိဗေဒ)

  • တည်နေရာ: ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး
  • အလုပ်အမျိုးအစား: အချိန်ပြည့်
  • အလုပ်ကဏ္ဍ: သတ္တုတွင်း၊ ဘူမိဗေဒနှင့် မြေတိုင်းလုပ်ငန်း
  • လျှောက်ထားနိုင်သူ: ကျား

လစာ6 သိန်း ++

လွန်ခဲ့သော 4 ပတ်က တင်ထားသည်

အလုပ်ရှင်အကြောင်း

မြောက်ဒဂုံမြို့နယ်အတွင်း Construction Engineering Company တစ်ခုဖြစ်ပါသည်။

လုပ်ငန်းတာဝန်များ

  • Geotechnical ဆိုင်ရာ Site လုပ်ငန်းများကို ဆောင်ရွက်ရန်နှင့် ကြီးကြပ်ရန်။

  • မြေသားစမ်းသပ်ခြင်း (Soil Investigation) နှင့် ဓာတ်ခွဲခန်းလုပ်ငန်းများတွင် Senior Engineer ကို ကူညီဆောင်ရွက်ရန်။

  • လုပ်ငန်းတိုးတက်မှု အခြေအနေများကို အထက်လူကြီးထံ နေ့စဉ် အစီရင်ခံတင်ပြရန်နှင့် လိုအပ်သော Report များ ပြင်ဆင်ရန်။


လိုအပ်ချက်များ

  • B.Sc (Geology) ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။

  • Junior ရာထူးအတွက် အတွေ့အကြုံမလိုသော်လည်း Assistant ရာထူးအတွက် အနည်းဆုံး အတွေ့အကြုံ (၂) နှစ် ရှိရမည်။

  • အင်္ဂလိပ်စာ ဖတ်/ရေး/ပြော အသင့်အတင့် ရရှိရမည်။

  • လိုအပ်ပါက ဘေးကင်းလုံခြုံသော မည်သည့်ဒေသသို့မဆို သွားရောက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

အလုပ်ချိန်

တနင်္လာမှ သောကြာ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀

အကျိုးခံစားခွင့်များ

  • ဖယ်ရီ စီစဉ်ပေးသည်
  • ရက်မှန်ကြေး
  • နှစ်ပတ်လည် ခွင့်ရက်
  • သင်တန်းနှင့် အရည်အချင်း ဖွံ့ဖြိုးရေး

လျှောက်ထားရန်

ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။

ဖွင့်ထားသော အလုပ်များအားလုံး ကြည့်ရန်