ခေါ်ယူနေသည်
Sales and Marketing Staff
လစာ5 – 7 သိန်း
လွန်ခဲ့သော 3 ပတ်က တင်ထားသည်
အလုပ်ရှင်အကြောင်း
စမ်းချောင်း မြို့နယ်အတွင်း ရွှေပန်းထိမ် ဖြန့်ချီရေး လုပ်ငန်းအမျိုးအစား ဖြစ်ပါတယ်။
လုပ်ငန်းတာဝန်များ
ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချမှု (Distribution Channel) လုပ်ငန်းစဉ်များကို စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ခြင်း
လက်ရှိ မိတ်ဖက်အရောင်းဆိုင်များနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းပြီး Distribution ကွန်ရက်သစ်များ တိုးချဲ့ရှာဖွေခြင်း
အရောင်းမြှင့်တင်ရေး အစီအစဉ်များကို စနစ်တကျ အကောင်အထည်ဖော်ပြီး သတ်မှတ်ထားသော Sales Target ပြည့်မီစေရန် ဆောင်ရွက်ခြင်း
နေ့စဉ်/လစဉ် အရောင်းစာရင်းများနှင့် ကုန်ပစ္စည်းဖြန့်ဖြူးမှု အခြေအနေများကို တိကျစွာ မှတ်တမ်းတင် အစီရင်ခံခြင်း
လိုအပ်ချက်များ
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်
Sales & Marketing ပိုင်းတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်နှင့်အထက် ရှိရမည်
Distribution ပိုင်းတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်နှင့်အထက် ရှိရမည်
Computer (Microsoft Word, Excel) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်
အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ကာ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်သူ ဖြစ်ရမည်
လုပ်ငန်းမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်
အလုပ်ချိန်
တနင်္လာမှ စနေ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀
အကျိုးခံစားခွင့်များ
- ရက်မှန်ကြေး
- ကော်မရှင်
- လုပ်ငန်းခွင် သင်တန်းပေးသည်
လျှောက်ထားရန်
ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။
