ခေါ်ယူနေသည်
Tele Sales
လစာ4 သိန်း ++
လွန်ခဲ့သော 5 ပတ်က တင်ထားသည်
အလုပ်ရှင်အကြောင်း
မိုဘိုင်းဖုန်းဆက်စပ်ပစ္စည်း (Accessories) များ ဖြန့်ချိရောင်းချသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
လုပ်ငန်းတာဝန်များ
သတ်မှတ်ထားသော ဖောက်သည်များထံ ဖုန်း (Phone Call) နှင့် Viber တို့မှတစ်ဆင့် စနစ်တကျ ဆက်သွယ်၍ ဖုန်း Accessory ပစ္စည်းများ မိတ်ဆက်ရောင်းချရန်
ဖောက်သည်များ လိုအပ်သော ကုန်ပစ္စည်းအချက်အလက်များကို ရှင်းလင်းပြောကြားပေးပြီး ရေရှည်ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ရန်။
Customer Service ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ရမည်။
လိုအပ်ချက်များ
အသက်ကန့်သတ်ချက် မရှိပါ
လုပ်ငန်းအတွေ့အကြုံ မလိုပါ (သင်ယူလိုစိတ်နှင့် အမှန်တကယ် လုပ်ကိုင်လိုစိတ်ရှိသူများ လျှောက်ထားနိုင်ပါသည်)
စကားပြောဆို ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး စိတ်ရှည်သည်းခံနိုင်သူ ဖြစ်ရမည်
လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာနိုင်သူ ဖြစ်ရမည်
သင်ကြားပြသပေးသော Training စည်းကမ်းများကို လေးစားလိုက်နာနိုင်သူဖြစ်ရမည်။
အလုပ်ချိန်
တနင်္လာမှ စနေ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀
အကျိုးခံစားခွင့်များ
- ရက်မှန်ကြေး
- စွမ်းဆောင်ရည်အလိုက် ဆုကြေး
- ကော်မရှင်
- နှစ်ပတ်လည် ခွင့်ရက်
လျှောက်ထားရန်
ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။
