ခေါ်ယူနေသည်

Admin Office Staff

  • တည်နေရာ: အလုံ၊ ရန်ကုန်တိုင်းဒေသကြီး
  • အလုပ်အမျိုးအစား: အချိန်ပြည့်
  • လျှောက်ထားနိုင်သူ: ကျား/မ

လစာ4 – 5 သိန်း

လွန်ခဲ့သော 4 ရက်က တင်ထားသည်

အလုပ်ရှင်အကြောင်း

ရန်ကုန်မြို့ရှိ နာမည်ရ စားသောက်ဆိုင် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

လုပ်ငန်းတာဝန်များ

  • နေ့စဉ် ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများနှင့် အထွေထွေ Admin လုပ်ငန်းစဉ်များကို စနစ်တကျ တာဝန်ယူဆောင်ရွက်ရန်

  • ကွန်ပျူတာစနစ်အတွင်းသို့ Data အချက်အလက်များ တိကျစွာ ရိုက်သွင်းခြင်း၊ Update ပြုလုပ်ခြင်းနှင့် စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းရန်

  • ရုံးတွင်း စာရွက်စာတမ်းများ၊ အထောက်အထား မှတ်တမ်းများကို သပ်ရပ်စွာ စုစည်းသိမ်းဆည်းရန်

  • သတ်မှတ်ထားသော နေ့စဉ်၊ အပတ်စဉ်နှင့် လစဉ် အစီရင်ခံစာများ (Reports) ကို အချိန်မီ ပြုစုတင်ပြရန်

  • ရုံးသုံးပစ္စည်းများနှင့် လုပ်ငန်းသုံး စက်ကိရိယာများ လိုအပ်ချက်ကို စီမံခန့်ခွဲရာတွင် ပါဝင်ကူညီပံ့ပိုးရန်

  • ရုံးလုပ်ငန်းစဉ်များ ချောမွေ့စေရေးအတွက် အခြားသော သက်ဆိုင်ရာ ဌာနများနှင့် စနစ်တကျ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ရန်

  • စာရွက်စာတမ်းနှင့် အချက်အလက်များ တိကျမှန်ကန်မှုနှင့် ပြည့်စုံမှု ရှိစေရန် သေချာစွာ စစ်ဆေးဆောင်ရွက်ရန်

  • သက်ဆိုင်ရာ Supervisor နှင့် Manager မှ ပေးအပ်သော အခြားသော ရုံးလုပ်ငန်းတာဝန်များကို တာဝန်ယူ ဆောင်ရွက်ရန်

လိုအပ်ချက်များ

  • အခြေခံ ကွန်ပျူတာ ကျွမ်းကျင်မှုရှိပြီး Microsoft Word နှင့် Excel တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်

  • ဆက်သွယ်ပြောဆိုမှု (Communication) နှင့် စီမံခန့်ခွဲစည်းရုံးမှုစွမ်းရည် (Organizational Skills) ကောင်းမွန်ရမည်

  • မိမိဘာသာ သီးခြားဖြစ်စေ၊ အသင်းအဖွဲ့နှင့် ပူးပေါင်း၍ဖြစ်စေ တက်ကြွစွာ တာဝန်ယူ လုပ်ကိုင်နိုင်စွမ်းရှိရမည်

  • စာရွက်စာတမ်းနှင့် အချက်အလက်များအပေါ် အသေးစိတ် ဂရုပြုစစ်ဆေးနိုင်ပြီး တိကျသေချာမှု ရှိရမည် (Attention to detail & accuracy)

  • အချိန်စီမံခန့်ခွဲမှုစွမ်းရည် ကောင်းမွန်ပြီး လုပ်ငန်းခွင်အတွင်း အဆင်ပြေအောင် ဖြေရှင်းနိုင်စွမ်းရှိရမည်

  • သက်ဆိုင်ရာ Admin / Data Entry လုပ်ငန်းအတွေ့အကြုံ ရှိသူများအား ဦးစားပေး စဉ်းစားမည်

အလုပ်ချိန်

တနင်္လာမှ သောကြာ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀

အကျိုးခံစားခွင့်များ

  • အစားအသောက် စီစဉ်ပေးသည်
  • နေစရာ စီစဉ်ပေးသည်
  • စနေနေ့ နေ့တစ်ဝက် အလုပ်ဆင်း

လျှောက်ထားရန်

ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။

ဖွင့်ထားသော အလုပ်များအားလုံး ကြည့်ရန်