ခေါ်ယူနေသည်

Delivery Staff

  • တည်နေရာ: လှိုင်၊ ရန်ကုန်တိုင်းဒေသကြီး
  • အလုပ်အမျိုးအစား: အချိန်ပြည့်
  • အလုပ်ကဏ္ဍ: ယာဉ်မောင်း၊ ပစ္စည်းပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး
  • လျှောက်ထားနိုင်သူ: ကျား/မ

လစာ3.5 – 4 သိန်း

လွန်ခဲ့သော 5 ပတ်က တင်ထားသည်

အလုပ်ရှင်အကြောင်း

ဆေးရုံ၊ဆေးခန်းသုံး ဓာတ်ခွဲခန်း ပစ္စည်း ဖြန့်ချီရေး Company ဖြစ်ပါတယ်။

လုပ်ငန်းတာဝန်များ

  • ဆေးရုံ၊ ဆေးခန်းများနှင့် သက်ဆိုင်ရာ ဓာတ်ခွဲခန်းများသို့ ပစ္စည်းများကို သတ်မှတ်ချိန်အတွင်း စနစ်တကျ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားရောက်ပို့ဆောင်ပေးခြင်း

  • ပစ္စည်းပမာဏ များပြားပါက ကုမ္ပဏီရုံးကားဖြင့် ပို့ဆောင်ပေးခြင်း သို့မဟုတ် အခြေအနေအရ လိုင်းကားဖြင့် သွားရောက်ပို့ဆောင်ပေးခြင်း (လမ်းစရိတ်များအား ရုံးသို့ စနစ်တကျ ပြန်လည်တောင်းခံနိုင်သည်)

  • ပို့ဆောင်ရမည့် ပစ္စည်းများ၊ ဘောက်ချာနှင့် စာရွက်စာတမ်းများကို တိကျစွာ စစ်ဆေးလက်ခံပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခြင်း

  • နေ့စဉ် ပစ္စည်းပို့ဆောင်မှုမှတ်တမ်းများနှင့် အခြေအနေများကို စတိုနှင့် သက်ဆိုင်ရာ ဌာနများသို့ တိကျစွာ ပြန်လည်တင်ပြခြင်း

လိုအပ်ချက်များ

  • အသက် (၁၈) မှ (၃၀) နှစ်အတွင်း ဖြစ်ရမည်

  • အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်

  • ရန်ကုန်မြို့တွင်း လမ်းကြောင်းများနှင့် ဆေးရုံ၊ ဆေးခန်းများ တည်နေရာကို ကျွမ်းကျင်စွာ သွားလာနိုင်သူ ဖြစ်ရမည်

  • ပို့ဆောင်ရေး (Delivery) လုပ်ငန်းအတွေ့အကြုံ ရှိသူများကို ဦးစားပေးမည် (အတွေ့အကြုံ မရှိသေးသော်လည်း တက်ကြွစွာ သင်ယူလုပ်ကိုင်လိုသူများ လျှောက်ထားနိုင်သည်)

  • ပစ္စည်းများကို ဂရုတစိုက် သယ်ယူပို့ဆောင်နိုင်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိသူ ဖြစ်ရမည်

  • အကျင့်စာရိတ္တ ကောင်းမွန်ပြီး လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းနှင့် အချိန်တိကျမှုကို လေးစားလိုက်နာနိုင်သူ ဖြစ်ရမည်

အလုပ်ချိန်

တနင်္လာမှ စနေ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀

အကျိုးခံစားခွင့်များ

  • ရက်မှန်ကြေး
  • စွမ်းဆောင်ရည်အလိုက် ဆုကြေး

လျှောက်ထားရန်

ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။

ဖွင့်ထားသော အလုပ်များအားလုံး ကြည့်ရန်