ခေါ်ယူနေသည်
Store Assistant
လစာ4 သိန်း ++
လွန်ခဲ့သော 3 ရက်က တင်ထားသည်
အလုပ်ရှင်အကြောင်း
ဆေးရုံ၊ဆေးခန်းသုံး ဓာတ်ခွဲခန်း ပစ္စည်း ဖြန့်ချီရေး Company ဖြစ်ပါတယ်။
လုပ်ငန်းတာဝန်များ
နေ့စဉ် အဝင်/အထွက် ဖြစ်ပေါ်သော ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို စနစ်တကျ စစ်ဆေးထုတ်ပေးခြင်းနှင့် မှတ်တမ်းတင်ခြင်း
လက်ရှိ Stock စီမံခန့်ခွဲရေး အဖွဲ့သား (၄) ဦးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး စတိုတွင်း ပစ္စည်းလက်ကျန် စာရင်းများကို တိကျစွာ ထိန်းသိမ်းခြင်း
နယ်မြို့များသို့ ပေးပို့မည့် အော်ဒါများကို စနစ်တကျ ပါဆယ်ထုပ်ပိုးခြင်း (Parcel Packing) နှင့် သက်ဆိုင်ရာ ကားဂိတ်/ပို့ဆောင်ရေးအဖွဲ့များသို့ လွှဲပြောင်းနိုင်ရန် ပြင်ဆင်ခြင်း
စတိုအတွင်းရှိ ကုန်ပစ္စည်းများ စနစ်တကျ သန့်ရှင်းသပ်ရပ်စေရေးနှင့် ပျက်စီးဆုံးရှုံးမှုမရှိစေရန် စနစ်တကျ ထိန်းသိမ်းကိုင်တွယ်ခြင်း
လိုအပ်ချက်များ
အမျိုးသား သာ လျှောက်ထားနိုင်ပါသည်
အသက် (၁၈) မှ (၃၀) နှစ်အတွင်း ဖြစ်ရမည်
အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်
စတို (Store / Warehouse) သို့မဟုတ် ကုန်ပစ္စည်းထိန်းသိမ်းရေး လုပ်ငန်းအတွေ့အကြုံ ရှိသူများကို ဦးစားပေး ရွေးချယ်မည်
အသင်းအဖွဲ့နှင့် စည်းလုံးစွာ ပူးပေါင်းဆောင်ရွက်နိုင်ပြီး စာရင်းအင်းပိုင်း တိကျသေချာသူ ဖြစ်ရမည်
ပစ္စည်းထုပ်ပိုးခြင်းနှင့် စတိုလုပ်ငန်းစဉ်များကို တက်ကြွသွက်လက်စွာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်
- အကျင့်စာရိတ္တ ကောင်းမွန်ပြီး လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်သူ ဖြစ်ရမည်
အလုပ်ချိန်
တနင်္လာမှ စနေ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀
အကျိုးခံစားခွင့်များ
- ရက်မှန်ကြေး
- စွမ်းဆောင်ရည်အလိုက် ဆုကြေး
လျှောက်ထားရန်
ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။
