ခေါ်ယူနေသည်

HR Manager

  • တည်နေရာ: ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး
  • အလုပ်အမျိုးအစား: အချိန်ပြည့်
  • အလုပ်ကဏ္ဍ: လူ့စွမ်းအားအရင်းအမြစ်၊ သင်တန်းနှင့် ရွေးချယ်ခန့်အပ်ရေး
  • လျှောက်ထားနိုင်သူ: ကျား/မ

လစာ15 – 25 သိန်း

လွန်ခဲ့သော 5 ပတ်က တင်ထားသည်

အလုပ်ရှင်အကြောင်း

တောင်ဒဂုံမြို့နယ်အတွင်း FMCG စားသောက်ကုန် ဖြန့်ချီရေး Company တစ်ခုဖြစ်ပါသည်။

လုပ်ငန်းတာဝန်များ

  • HR & Admin မူဝါဒများနှင့် လုပ်ငန်းစဉ်တစ်ခုလုံး (Recruitment, Onboarding, Attendance, Payroll, Performance Management နှင့် Employee Relations) အား စနစ်တကျ ဦးဆောင်စီမံကွပ်ကဲခြင်း

  • သက်ဆိုင်ရာ ဌာနခေါင်းဆောင်များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းခွင် စွမ်းဆောင်ရည် တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ညှိနှိုင်းအကောင်အထည်ဖော်ခြင်း

  • ရုံးတွင်း အထွေထွေ စီမံခန့်ခွဲရေးလုပ်ငန်းများနှင့် ကုမ္ပဏီသုံး မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ (Vehicle/Fleet Maintenance) ကိစ္စရပ်များကို စနစ်တကျ ကြီးကြပ်ကွပ်ကဲခြင်း

  • အဖွဲ့အစည်းတွင်း ဖြစ်ပေါ်လာသော အခက်အခဲပြဿနာများကို ထိရောက်စွာ စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးခြင်းနှင့် HR & Admin ဆိုင်ရာ အစီရင်ခံစာများကို စီမံခန့်ခွဲမှုအဖွဲ့ထံ တိကျစွာ တင်ပြခြင်း

လိုအပ်ချက်များ

  • အသက် (၃၀) မှ (၄၀) နှစ်ဝန်းကျင် ဖြစ်ရမည်

  • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်ဖြစ်ပြီး HR ဆိုင်ရာ Diploma ရရှိထားသူ ဖြစ်ရမည်

  • HR Field တွင် Manager Level ဖြင့် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှစ်နှင့်အထက် ရှိရမည်

  • ခေါင်းဆောင်မှုစွမ်းရည် (Leadership Skill)၊ ကောင်းမွန်သော ပြောဆိုဆက်ဆံရေး (Communication Skill) နှင့် ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving Skill) မြင့်မားသူ ဖြစ်ရမည်

  • HR & Admin Process ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ကောင်းစွာ သိရှိနားလည်ပြီး ထိရောက်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်သူ ဖြစ်ရမည်

  • Microsoft Word, Advance Excel, PowerPoint, Email / Internet များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်

  • မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး ကိစ္စရပ်များအား တတ်သိနားလည်သူ ဖြစ်ရမည်

  • မိမိအလုပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိပြီး ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသူ ဖြစ်ရမည်

အလုပ်ချိန်

တနင်္လာမှ စနေ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀

အကျိုးခံစားခွင့်များ

  • ဖယ်ရီ စီစဉ်ပေးသည်
  • ရက်မှန်ကြေး
  • နှစ်ပတ်လည် ခွင့်ရက်
  • သင်တန်းနှင့် အရည်အချင်း ဖွံ့ဖြိုးရေး

လျှောက်ထားရန်

ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။

ဖွင့်ထားသော အလုပ်များအားလုံး ကြည့်ရန်