ခေါ်ယူနေသည်
Junior Service Engineer
လစာ5 – 7 သိန်း
လွန်ခဲ့သော 4 ရက်က တင်ထားသည်
အလုပ်ရှင်အကြောင်း
Air Compressor Service၊ Maintance and Distribution ပေးသော Company ဖြစ်ပါသည်။
လုပ်ငန်းတာဝန်များ
Screw Air Compressor စက်များ၏ ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်း (Regular Maintenance)၊ ချို့ယွင်းချက်ရှာဖွေပြင်ဆင်ခြင်း (Troubleshooting)၊ Air End နှင့် Air Dryer ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန်
လုပ်ငန်းခွင်အတွင်း Basic Electrical စနစ်များနှင့် 2D/3D Drawing ပုံစံများကို အခြေခံနားလည်ဖတ်ရှုကာ လက်တွေ့လုပ်ငန်းတွင် အသုံးချရန်
ပြင်ပလုပ်ငန်းခွင် Field Services နှင့် အရောင်းပြီးနောက်ပိုင်း ဝန်ဆောင်မှု (After Sales Service) လုပ်ငန်းစဉ်များတွင် တက်ကြွစွာ တာဝန်ယူဆောင်ရွက်ရန်
ဝန်ဆောင်မှုပေးထားသော စက်ယန္တရားများ၏ မှတ်တမ်းအချက်အလက်များနှင့် Service Report များကို စနစ်တကျ ပြုစုတင်ပြရန်
လိုအပ်ချက်များ
B.E / B.Tech / A.G.T.I (EP, EC, MP, MC) ဘွဲ့ (သို့) ဒီပလိုမာ ရရှိပြီးသူ ဖြစ်ရမည်
အသက် (၂၀) မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်
သက်ဆိုင်ရာ စက်မှုအင်ဂျင်နီယာ နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်နှင့်အထက် ရှိရမည်
(လုပ်ငန်းအတွေ့အကြုံ မရှိသေးသော်လည်း Compressor Service နှင့် ပတ်သက်၍ အမှန်တကယ် လက်တွေ့သင်ယူလိုစိတ်ရှိသူ Fresh Graduate များလည်း လျှောက်ထားနိုင်ပါသည်)
ကွန်ပျူတာ (MS Office) နှင့် အင်တာနက် အသုံးပြုခြင်းကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရမည်
လုပ်ငန်းခွင် စည်းကမ်းလိုက်နာမှုရှိပြီး ဆက်ဆံရေးပြေပြစ်ကာ အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်
အလုပ်ချိန်
တနင်္လာမှ သောကြာ နံနက် ၉:၀၀ မှ ညနေ ၅:၀၀၊ စနေ နံနက် ၉:၀၀ မှ နေ့လယ် ၁၂:၀၀
အကျိုးခံစားခွင့်များ
- ယူနီဖောင်း ပေးသည်
- နေ့လည်စာ ကျွေးသည်။
- စနေနေ့ နေ့တစ်ဝက် အလုပ်ဆင်း
လျှောက်ထားရန်
ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။
