ခေါ်ယူနေသည်
Serive Engineer
လစာ7 – 9 သိန်း
လွန်ခဲ့သော 3 ရက်က တင်ထားသည်
အလုပ်ရှင်အကြောင်း
Air Compressor Service၊ Maintance and Distribution ပေးသော Company ဖြစ်ပါသည်။
လုပ်ငန်းတာဝန်များ
Screw Air Compressor စက်များ၏ ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်း (Regular Maintenance)၊ ချို့ယွင်းချက်ရှာဖွေပြင်ဆင်ခြင်း (Troubleshooting)၊ Air End နှင့် Air Dryer Service လုပ်ငန်းများကို ကျွမ်းကျင်စွာ ဦးဆောင်တာဝန်ယူ ဆောင်ရွက်ရန်
လျှပ်စစ်အခြေခံစနစ်များဖြစ်သော Star-Delta, DOL, VSD (Drive) နှင့် Controller စနစ်များ၏ အလုပ်လုပ်ပုံကို ကောင်းစွာ နားလည်သဘောပေါက်ပြီး လက်တွေ့ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ရန်
Compressed Air Piping စနစ်များနှင့် ပတ်သက်သော 2D/3D Drawing များကို ကျွမ်းကျင်စွာ ရေးဆွဲပြင်ဆင်ရန်
ပြင်ပလုပ်ငန်းခွင် Field Services ဆောင်ရွက်ခြင်း၊ အရောင်းပြီးနောက်ပိုင်း နည်းပညာဝန်ဆောင်မှု (After Sales Service) ပေးခြင်းနှင့် ငွေလက်ခံကောက်ခံခြင်း (Cash Collect) လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရန်
လုပ်ငန်းခွင်အတွင်း အင်ဂျင်နီယာ Team အား စနစ်တကျ ဦးဆောင်လမ်းညွှန်ကာ စီမံခန့်ခွဲရန် (Team Leadership)
လိုအပ်ချက်များ
B.E / B.Tech / A.G.T.I (EP, EC, MP, MC) ဘွဲ့ (သို့) ဒီပလိုမာ ရရှိပြီးသူ ဖြစ်ရမည်
အသက် (၂၅) မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်
သက်ဆိုင်ရာ Compressor Service နှင့် စက်မှုအင်ဂျင်နီယာ နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၃) နှစ်နှင့်အထက် ရှိရမည်
ကွန်ပျူတာ MS Office (Word, Excel) နှင့် အင်တာနက် အသုံးပြုခြင်းကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရမည်
အသင်းအဖွဲ့ကို ဦးဆောင်နိုင်သည့် ခေါင်းဆောင်မှုစွမ်းရည် (Leadership Skill)၊ လုပ်ငန်းခွင် စည်းကမ်းလိုက်နာမှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်း ကောင်းမွန်ရမည်
အလုပ်ချိန်
တနင်္လာမှ သောကြာ နံနက် ၉:၀၀ မှ ညနေ ၅:၀၀၊ စနေ နံနက် ၉:၀၀ မှ နေ့လယ် ၁၂:၀၀
အကျိုးခံစားခွင့်များ
- အစားအသောက် စီစဉ်ပေးသည်
- ယူနီဖောင်း ပေးသည်
- စနေနေ့ နေ့တစ်ဝက် အလုပ်ဆင်း
လျှောက်ထားရန်
ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။
