ခေါ်ယူနေသည်
Procurement Executive
လစာ5 – 8.5 သိန်း
လွန်ခဲ့သော 5 ပတ်က တင်ထားသည်
အလုပ်ရှင်အကြောင်း
International Standard Procedure နှင့် ဆောက်လုပ်သော Construction Company ဖြစ်ပါတယ်။
လုပ်ငန်းတာဝန်များ
ပစ္စည်းအရင်းအမြစ်ရှာဖွေခြင်း၊ စျေးနှုန်း (Quotation) နှိုင်းယှဉ်ခြင်း၊ စျေးနှုန်းညှိနှိုင်းခြင်းနှင့် ဝယ်ယူမှုအမှာစာ (Purchase Orders) ထုတ်ပြန်ခြင်း စသည့် Purchasing လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ရန်
အရည်အသွေးပြည့်မီပြီး သင့်တင့်သော စျေးနှုန်းဖြင့် အချိန်မီ ပို့ဆောင်နိုင်စေရန် Supplier များကို စိစစ်ရွေးချယ် ညှိနှိုင်းရန်
လုပ်ငန်းခွင်သုံး ပစ္စည်းနှင့် စက်ကိရိယာ လိုအပ်ချက်များ အဆင်ပြေစေရေး Project၊ Engineering နှင့် Admin အဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းရန်
ဝယ်ယူထားသော ပစ္စည်းများ ရောက်ရှိမှု၊ PO အခြေအနေနှင့် Supplier များ၏ စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးရန်
Procurement ဆိုင်ရာ စာရွက်စာတမ်းများ၊ အစီရင်ခံစာများနှင့် မှတ်တမ်းများကို တိကျသေချာစွာ စာရင်းသွင်း ထိန်းသိမ်းရန်
လိုအပ်ချက်အရ ပြည်တွင်း/ပြည်ပ ဝယ်ယူရေး လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီဆောင်ရွက်ရန်
စီမံခန့်ခွဲမှုအဖွဲ့မှ ပေးအပ်သော အခြားသော ဝယ်ယူရေးတာဝန်များကို ထမ်းဆောင်ရန်
လုပ်ငန်းလိုအပ်ချက်အရ ယာဉ်မောင်းနှင်ရန် လိုအပ်ပါက စနစ်တကျ မောင်းနှင်တာဝန်ယူရန်။
လိုအပ်ချက်များ
တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်
သက်ဆိုင်ရာ Procurement လုပ်ငန်းအတွေ့အကြုံ (၂) နှစ်မှ (၃) နှစ်အတွင်း ရှိရမည် (ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံရှိသူ ဦးစားပေးမည်)
Sourcing၊ Supplier Negotiation၊ စျေးနှုန်းနှိုင်းယှဉ်ခြင်းနှင့် ဝယ်ယူရေးလုပ်ငန်းစဉ်များကို စနစ်တကျ နားလည်တတ်ကျွမ်းရမည်
ဆက်သွယ်ညှိနှိုင်းမှု (Communication & Negotiation) နှင့် အသင်းအဖွဲ့ ပူးပေါင်းဆောင်ရွက်မှု စွမ်းရည် ကောင်းမွန်ရမည်
Microsoft Office (အထူးသဖြင့် Excel) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်
တရားဝင် ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားပြီး ကျွမ်းကျင်စွာ မောင်းနှင်နိုင်သူ ဖြစ်ရမည်
အလုပ်ချိန်
တနင်္လာမှ စနေ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀
အကျိုးခံစားခွင့်များ
- ဖယ်ရီ စီစဉ်ပေးသည်
- အစားအသောက် စီစဉ်ပေးသည်
- ရက်မှန်ကြေး
- နှစ်ပတ်လည် ခွင့်ရက်
လျှောက်ထားရန်
ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။
