ခေါ်ယူနေသည်

QAC Engineer

  • တည်နေရာ: မရမ်းကုန်း၊ ရန်ကုန်တိုင်းဒေသကြီး
  • အလုပ်အမျိုးအစား: အချိန်ပြည့်
  • အလုပ်ကဏ္ဍ: ဆောက်လုပ်ရေး
  • လျှောက်ထားနိုင်သူ: ကျား/မ

လစာ7.5 – 9.5 သိန်း

လွန်ခဲ့သော 2 ပတ်က တင်ထားသည်

အလုပ်ရှင်အကြောင်း

International Standard Procedure နှင့် ဆောက်လုပ်သော Construction Company ဖြစ်ပါတယ်။

လုပ်ငန်းတာဝန်များ

  • ပရောဂျက်၏ QA/QC လုပ်ထုံးလုပ်နည်းများနှင့် အရည်အသွေး စံချိန်စံညွှန်းများကို စနစ်တကျ အကောင်အထည်ဖော် ထိန်းသိမ်းရန်

  • Engineering Drawings များ၊ Specifications များ၊ Method Statements များနှင့် ITPs များကို စိစစ်သုံးသပ်ရန်

  • လုပ်ငန်းခွင် Site စစ်ဆေးမှုများ ပြုလုပ်၍ လက်ရာနှင့် အရည်အသွေး ပြည့်မီမှု ရှိ/မရှိ စိစစ်ကြပ်မတ်ရန်

  • IR/WIR၊ စစ်ဆေးရေး Checklists များနှင့် Test Reports များကို ပြင်ဆင်စီမံ ထိန်းသိမ်းရန်

  • လုပ်ငန်းခွင်သို့ ရောက်ရှိလာသော ပစ္စည်းများကို စစ်ဆေးပြီး အတည်ပြုသတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ရန်

  • NCRs များကို စိစစ်မှတ်တမ်းတင်ခြင်းနှင့် ပြုပြင်ဆောင်ရွက်မှု (Corrective Actions) များကို စဉ်ဆက်မပြတ် ခြေရာခံဆောင်ရွက်ရန်

  • Consultants၊ Clients များနှင့် Subcontractors များနှင့်အတူ စစ်ဆေးစမ်းသပ်မှု လုပ်ငန်းစဉ်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန်

  • Quality Audits များ ပြုလုပ်ပြီး Subcontractors များ၏ အရည်အသွေး စွမ်းဆောင်ရည်ကို စောင့်ကြည့်စစ်ဆေးရန်

  • QA/QC မှတ်တမ်းများ၊ Inspection Reports၊ Test Results များနှင့် စာရွက်စာတမ်း အထောက်အထားများကို စနစ်တကျ စီမံထိန်းသိမ်းရန်

  • လစဉ် Quality Reports များနှင့် Project Quality Dossiers များ ရေးဆွဲပြုစု တင်ပြရန်

  • နောက်ဆုံးအဆင့် စစ်ဆေးစမ်းသပ်မှု၊ Commissioning နှင့် ပရောဂျက်လွှဲပြောင်းအပ်နှံခြင်း လုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီရန်

လိုအပ်ချက်များ

  • B.E. (Civil Engineering) ဘွဲ့ ရရှိထားသူ ဖြစ်ရမည်

  • ဆောက်လုပ်ရေး သို့မဟုတ် အင်ဂျင်နီယာ ပရောဂျက်များတွင် သက်ဆိုင်ရာ QA/QC (သို့မဟုတ်) QAC လုပ်ငန်းအတွေ့အကြုံ (၃ နှစ် မှ ၅ နှစ်) ရှိရမည်

  • Engineering Drawings များနှင့် Project Specifications များကို ကျွမ်းကျင်စွာ ဖတ်ရှုနားလည်နိုင်ရမည်

  • MS Office နှင့် AutoCAD ဆော့ဖ်ဝဲလ်များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်

  • စိစစ်ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း၊ ဆက်သွယ်ညှိနှိုင်းနိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်း ကောင်းမွန်ရမည်

  • လုပ်ငန်းအသေးစိတ်ကို တိကျစွာ အာရုံစိုက်လုပ်ကိုင်နိုင်ပြီး ဖိအားဒဏ်အောက်တွင် စနစ်တကျ တာဝန်ထမ်းဆောင်နိုင်ရမည်

  • သက်ဆိုင်ရာ QA/QC သို့မဟုတ် ISO သင်တန်းဆင်း လက်မှတ်များ (Certifications) ရှိသူများကို ဦးစားပေး စဉ်းစားမည်

အလုပ်ချိန်

တနင်္လာမှ စနေ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀

အကျိုးခံစားခွင့်များ

  • ဖယ်ရီ စီစဉ်ပေးသည်
  • အစားအသောက် စီစဉ်ပေးသည်
  • ရက်မှန်ကြေး
  • နှစ်ပတ်လည် ခွင့်ရက်

လျှောက်ထားရန်

ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။

ဖွင့်ထားသော အလုပ်များအားလုံး ကြည့်ရန်