ခေါ်ယူနေသည်
Senior Mechanic Staff
လစာ8 – 10 သိန်း
လွန်ခဲ့သော 6 ပတ်က တင်ထားသည်
အလုပ်ရှင်အကြောင်း
အိမ်ခြံမြေနှင့် အဆောက်အအုံ စီမံခန့်ခွဲမှု ဝန်ဆောင်မှု ပေးသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
လုပ်ငန်းတာဝန်များ
ဂျင်နရေတာ၊ အဲကွန်း နှင့် မီးသတိပေးစနစ်များ ပုံမှန်စစ်ဆေးထိန်းသိမ်းရေးအတွက် 3rd-party maintenance အဖွဲ့များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်း
စက်ချွတ်ယွင်းမှုများ ဖြစ်ပေါ်ပါက ချက်ချင်းစစ်ဆေးအဖြေရှာပြီး သက်ဆိုင်ရာ ပြင်ပကန်ထရိုက်တာများနှင့် ချိတ်ဆက်ဖြေရှင်းဆောင်ရွက်ခြင်း
အခြားတာဝန်ပေးအပ်ထားသော အထွေထွေ Technical ပိုင်းဆိုင်ရာ လုပ်ငန်းများကို စနစ်တကျ တာဝန်ယူဆောင်ရွက်ခြင်း
လိုအပ်ချက်များ
AGTI (သို့) တက္ကသိုလ်တက်ရောက်ဆဲ (သို့) အထက်တန်းအောင်မြင်ပြီး သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိသူ
Technical ဆိုင်ရာ အခြေခံဗဟုသုတနှင့် ကျွမ်းကျင်နားလည်မှုရှိသူ
လုပ်ငန်းခွင် ဖိအားများကြားတွင် စနစ်တကျ တာဝန်ယူလုပ်ကိုင်နိုင်သူ
အလုပ်ချိန် အပြောင်းအလဲများတွင် လိုက်လျောညီထွေ တာဝန်ထမ်းဆောင်နိုင်သူ
ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု (Teamwork) ကောင်းမွန်သူ
အလုပ်ချိန်
တနင်္လာမှ စနေ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀
အကျိုးခံစားခွင့်များ
- ရက်မှန်ကြေး
- စွမ်းဆောင်ရည်အလိုက် ဆုကြေး
- နှစ်ပတ်လည် ခွင့်ရက်
- ဝန်ထမ်း အပန်းဖြေ လှုပ်ရှားမှုများ
လျှောက်ထားရန်
ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။
