ခေါ်ယူနေသည်
Senior Procurement Executive
လစာ8.5 – 12 သိန်း
လွန်ခဲ့သော 5 ပတ်က တင်ထားသည်
အလုပ်ရှင်အကြောင်း
International Standard Procedure နှင့် ဆောက်လုပ်သော Construction Company ဖြစ်ပါတယ်။
လုပ်ငန်းတာဝန်များ
ပြည်တွင်းနှင့် ပြည်ပ ဝယ်ယူရေး (Procurement) လုပ်ငန်းစဉ် အဆင့်ဆင့်ကို အစမှအဆုံး စနစ်တကျ စီမံခန့်ခွဲရန်
အကောင်းဆုံး အရည်အသွေး၊ ကုန်ကျစရိတ်နှင့် အချိန်မီ ပို့ဆောင်နိုင်မှု ရရှိစေရန် Supplier များနှင့် စိစစ်ရွေးချယ် ညှိနှိုင်းဆောင်ရွက်ရန်
သွင်းကုန်/ထုတ်ကုန် ထောက်ပံ့ပို့ဆောင်ရေး၊ သင်္ဘောတင်ပို့မှု၊ အကောက်ခွန်ရှင်းလင်းရေးနှင့် စာရွက်စာတမ်းဆိုင်ရာ ကိစ္စရပ်များကို ချိတ်ဆက်ဆောင်ရွက်ရန်
ဝယ်ယူမှုအမှာစာ (Purchase Orders) များ ပြင်ဆင်စီမံခြင်း၊ ပစ္စည်းရောက်ရှိမှု စောင့်ကြည့်စစ်ဆေးခြင်းနှင့် Supplier ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရန်
ဝယ်ယူရေးဘတ်ဂျက် ရေးဆွဲခြင်း၊ ကုန်ကျစရိတ် ထိန်းချုပ်ခြင်းနှင့် Supplier Performance Management လုပ်ငန်းများကို ပံ့ပိုးကူညီရန်
ကုမ္ပဏီမူဝါဒများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး Procurement Process များကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်
Procurement Team အား လိုအပ်သော လမ်းညွှန်မှုနှင့် ပံ့ပိုးကူညီမှုများ ပေးအပ်ရန်
လိုအပ်ချက်များ
Supply Chain, Business Administration, Engineering, Logistics သို့မဟုတ် သက်ဆိုင်ရာ နယ်ပယ်တစ်ခုခုမှ တက္ကသိုလ်ဘွဲ့ ရရှိပြီးသူ ဖြစ်ရမည်
Procurement နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ ၅ နှစ်မှ ၈ နှစ်အတွင်း ရှိရမည် (Senior အဆင့်ဖြင့် အတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိရမည်)
ပြည်တွင်း/ပြည်ပမှ ပစ္စည်းဝယ်ယူခြင်း၊ Supplier များနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ Import Logistics၊ Incoterms နှင့် အကောက်ခွန် စည်းမျဉ်းစည်းကမ်းများကို ကျွမ်းကျင်စွာ နားလည်တတ်ကျွမ်းရမည်
MS Office (အထူးသဖြင့် Excel) ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည် (ERP / SAP အသုံးပြုဖူးသူ ဦးစားပေးမည်)
အင်္ဂလိပ်စာ (Written & Spoken English) ကောင်းမွန်စွာ ပြောဆိုရေးသားနိုင်ရမည်
အလုပ်ချိန်
တနင်္လာမှ စနေ၊ နံနက် ၉:၀၀ မှ ညနေ ၅:၀၀
အကျိုးခံစားခွင့်များ
- ဖယ်ရီ စီစဉ်ပေးသည်
- အစားအသောက် စီစဉ်ပေးသည်
- ရက်မှန်ကြေး
- နှစ်ပတ်လည် ခွင့်ရက်
လျှောက်ထားရန်
ဤစာမျက်နှာရှိ ဖောင်ကို ဖြည့်ပြီး လျှောက်ထားပါ။ ရွေးချယ်ခံရသူများကို အင်တာဗျူးအတွက် ဖုန်းဆက်အကြောင်းကြားပါမည်။ Myanmar Talent Job သည် အလုပ်လျှောက်သူများထံမှ မည်သည့်အခကြေးငွေမှ မကောက်ခံပါ။
